Banner

“မြန်ဆန်၊ လွယ်ကူ၊ စိတ်ချရပြီး
ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက်
ဒီဂျစ်တယ် ငွေပေးချေမှု လာပါပြီ။”

MyanmarPay (MMQR) နဲ့အတူ ငွေကြေးရဲ့ အနာဂတ်တစ်ခုကို ရှာဖွေလိုက်ရအောင်။
MyanmarPay MMQR နဲ့ဆို လွယ်ကူချောမွေသော ငွေပေးချေမှုများ၊
ပိုမိုတိကျသေချာတဲ့ ငွေပေးချေမှု ခန့်ခွဲမှုများနဲ့အတူ အဆင့်မြင့်စိတ်ချရတဲ့
လုံခြုံရေးစနစ်များကို ပေါင်းစည်းထားတာဖြစ်လို့ မြန်မာနိုင်ငံသူ၊
နိုင်ငံသားများအတွက် လွယ်ကူထိရောက်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှုပုံစံအသစ်ကို
ကိုယ်တိုင် ခံစားလိုက်ပါ။

Card image cap
ပိုမိုအဆင်ပြေ ချောမွေ့လွယ်ကူသော
ဒစ်ဂျစ်တယ် ငွေပေးချေမှုအသစ်

MyanmarPay သည် သုံးစွဲသူများအတွက်ဒစ်ဂျစ်တယ်ငွေပေးချေမှုဖြင့် ငွေလွှဲပြောင်းမှုများကို ပိုမိုချောမွေ့မြန်ဆန်စေပြီး ငွေသားကိုင်ဆောင်ရန်မလိုအပ်သောငွေပေးချေမှုများအတွက် လုံခြုံစိတ်ချရသော ပလပ်ဖောင်းတစ်ခုဖြစ်သည်။

Card image cap
အားလုံးအတွက် စုစည်းထားသော
ပလပ်ဖောင်းတစ်ခု

MyanmarPay သည် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် ပလပ်ဖောင်းတစ်ခုဖြစ်ပြီး၊ မည်သည့်ဘဏ် သို့
မည်သည့်Mobile wallet ဖြင့်မဆို တစ်ဦးတစ်ယောက်ချင်း (သို့) လုပ်ငန်းများ အတွက် ချောမွေ့စွာငွေပေးငွေယူခြင်းပြုလုပ်နိုင်စေမည်။

Card image cap
ငွေကြေးဆိုင်ရာဝန်ဆောင်မှုများအတွက် သာတူညီမျှမှု

MyanmarPay သည် တည်နေရာ သို့မဟုတ် ငွေကြေးနောက်ခံကို မခွဲခြားဘဲ မြန်မာနိုင်ငံသားတိုင်းအတွက် အရည်အသွေးအကောင်းဆုံးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကိုတူညီစွာ အသုံးပြုခွင့်ရရှိနိုင်စေရန် အာမခံချက်ရှိပါသည်။

မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် ကြီးမားသောအပြောင်းအလဲ

MyanmarPay MMQR (QR ကုဒ်မှတစ်ဆင့်ငွေပေးချေမှု) သည် လူတိုင်းအတွက် မြန်ဆန်လွယ်ကူ စိတ်ချစွာ ဖြင့် ငွေပေးချေနိုင်ရန်အတွက် စီမံပေးထားပါသည်။ နိုင်ငံအတွင်းရှိ လူတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်း မိမိလက်ရှိ အသုံးပြုနေသော နှစ်သက်ရာ ဘဏ် (သို့မဟုတ်) Digital Wallet များကို အသုံးပြုပြီး လွယ်ကူ လျင်မြန်စွာ ငွေပေးချေ၊ ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်စေရန်အတွက် အကောင်အထည်ဖော်ထားခြင်းပါသည်။ ပထမဦးဆုံးအကြိမ်ဖြင့် ငွေကြေးစနစ်များအားလုံး ဒီဂျစ်တယ် ငွေပေးချေမှုပလက်ဖောင်းတစ်ခုအတွင်း စုစည်းထားပေးမှုကို မိမိမိုဘိုင်းဖုန်းမှတဆင့် တိုက်ရိုက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံတွင် တူညီသော အရည်အသွေးမြင့်မားသော ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူထိရောက်စွာ အသုံးပြုနိုင်ရန် တီထွင်ထားခြင်းဖြစ်ပြီး ငွေပေးချေမှုတိုင်းနှင့် စီးပွားရေး ကုန်သွယ်ရောင်းဝယ်မှုများကိုလည်း မြန်ဆန်ချောမွေ့စေရန် ကူညီပေးသွားမှာ ဖြစ်ပါသည်။ MyanmarPay MMQR သည် မြန်မာ့ငွေကြေးအခန်းကဏ္ဍကို အဆင့်မြင့်တင် တိုးတက်စေရန် အထောက်အပံ့အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စီစစ်ကွပ်ကဲကာ PayPlus Co., Ltd မှ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။

MyanmarPay ဖြင့် ငွေပေးချေမှုအား လေ့လာရန်

လွယ်ကူမြန်ဆန်သော ပေးချေမှုများကို အချိန်မရွေး၊ နေရာမရွေး ခံစားလိုက်ပါ။
Icon
မြန်ဆန်သော ငွေပေးချေမှု :

ငွေပေးချေမှုများနှင့် ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုမြန်ဆန်စေပါသည်။

Icon
လွယ်ကူသော ဒစ်ဂျစ်တယ် ငွေပေးချေမှုများ :

ငွေသားပြတ်လပ်မှုများ၊ ATM ရှားပါးမှုများကနေ ကင်းဝေးစေမှာပါ။

Icon
နေရာတိုင်း အသုံးပြုနိုင်မှု :

ပိုမိုကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုများကို နေရာ
မရွေး ရယူနိုင်ပါပြီ။

Icon
အားလုံးပေါင်းစည်းထားတဲ့ ပလပ်ဖောင်း :

Digital Wallets များ၊ Bank Applications များဖြင့် Scan ဖတ်ပြီး စိတ်တိုင်းကျ ပေးချေနိုင်ပါသည်။

အရိုးရှင်းဆုံး ငွေပေးချေမှုတိုင်းအတွက် MyanmarPay MMQR.

စတင်မည်

သုံးစွဲသူအနေဖြင့်

338,000

Merchants

စတင်မည်

ကုန်သည်အနေဖြင့်

Image 3 Image 3 Image 3 Image 3 Image 3 Image 2 Image 3 Image 3 Image 3 Image 3 Image 3 Image 3 Image 3

သုံးစွဲသူများအတွက် အကျိုးကျေးဇူးများ

MyanmarPay MMQR ဖြင့် သင့်မိုဘိုင်းဖုန်းကို
အသုံးပြုပြီး ဒီဂျစ်တယ်ငွေပေးချေမှုများစွာကို
လွယ်ကူအဆင်ပြေစွာ ပြုလုပ်နိုင်ပါသည်။

အသေးစိတ်

Consumer Image

ကုန်သည်များအတွက် အကျိုးကျေးဇူးများ

သင် အသုံးပြုနေသော Business Bank Account (သို့) Digital Payment Wallet တစ်ခုဖြင့် MyanmarPay MMQR ကို မြန်မာနိုင်ငံအတွင်းရှိ လူတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းအတွက် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Consumer Image

နိုင်ငံသားအားလုံးအတွက် အကျိုးကျေးဇူးများ

MyanmarPay သည် ဒစ်ဂျစ်တယ် ငွေပေးချေမှုပလပ်ဖောင်းမှတဆင့် နိုင်ငံအနှံ့ကို ဖြန့်ကျက်ပြီး ငွေပေးချေမှုအမျိုးမျိုးနှင့် ငွေလွှဲပြောင်းမှုများကို အဆင်ပြေချောမွေ့ထိရောက်စွာ ပြုလုပ်နိုင်မည်ဖြစ်သည်။                                                                       

Consumer Image

လူမှုဘဝများ တစ်သားတည်းဖြစ်စေပြီး ရိုးရှင်းသော ငွေပေးချေမှုများနှင့်
MyanmarPay MMQR။

အဓိကအချက်အလက်တွေကဘာတွေလဲ?

အသေးစိတ်

MyanmarPay App

FAQS

MyanmarPay App
ဆက်သွယ်ရန်
မည်သည့်မေးခွန်းကိုမဆိုမေးမြန်းနိုင်ဖို့ အခုပဲဆက်သွယ်လိုက်ပါ။